ဧရာဝတီ၊ သြဂုတ် ၂၈၊ ၂၀၂၂
အာဏာသိမ်းစစ်တပ်နှင့် ရုရှားနိုင်ငံ ဆက်ဆံရေးကို ဖိအားပေးရန်နှင့် စစ်တပ်၏ လက်နက်၊ ခဲယမ်းအတွက် ဝင်ငွေ ရရှိစေသည့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို စီးပွားရေးပိတ်ဆို့ရန်နှင့် အမေရိကန်အထက်လွှတ်တော် အမတ် ၅ ဦးက တောင်းဆို သည်။
အဆိုပါ တောင်းဆိုမှုကို သြဂုတ်၂၅ ရက်က အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီးတို့ထံ အမေရိကန်အထက်လွှတ်တော် အမတ်များဖြစ်သည့် Jeffery A. Merkley ၊ Cory A. Booker ၊ Dianne Feinstein ၊ Edward J. Markey၊ Gary C. Peters တို့က ပေးပို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ရုရှား နိုင်ငံခြားရေးဝန်ကြီးသည် စစ်ကောင်စီအပေါ် ထောက်ခံမှုကို ထပ်မံ အတည်ပြုခဲ့သလို ရုရှားသည် နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုတွင် အဆိုးရွားဆုံး ကျူးလွန်သူများအဖြစ်ပါဝင်ပြီး အာဏာရှင်များထံသို့ လက်နက်များ၊ နည်းပညာများကို ပျော်ရွှင်စွာဖြင့် တင်ပို့နေကြောင်း၊ ဆီးရီးယားနိုင်ငံတွင်းသို့လည်း ရှရှား၏ လက် နက်နှင့် နည်းပညာ ထောက်ပံ့မှု များကြောင့် ဆိုးရွား သောရလဒ်များကို တွေ့ခဲ့ရပြီး မြန်မာနိုင်ငံတွင်လည်း အလားတူဖြစ်ရပ်များ မြင်တွေ့လာရမည်ကို စိုးရိမ်ရသဖြင့် ရုရှားကို သံတမန် နည်းလမ်းအပြင် ငွေကြေးအရပါ ဖိအားပေးနိုင်ရန် တောင်းဆိုထားသည်။
ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် နိုင်ငံတကာ အသိုင်း အဝိုင်းတွင် ခေါင်းဆောင်နေသည်ဖြစ်ရာ MOGE ကို ပိတ်ဆို့ခြင်းဖြင့် စစ်ကောင်စီထံသို့ ဘီလီယံနှင့်ချီသော ဒေါ်လာများ စီးဆင်းမှုကို ရပ်တန့်ရမည် ဖြစ်ကြောင်း၊ MOGE ဝင်ငွေသည် နိုင်ငံခြား ဝင်ငွေများ၏ ရာခိုင်နှုန်းထက်ဝက် ပမာဏရှိကြောင်း၊ MOGE အား ပိတ်ဆို့ အရေးယူမှုများသည် စစ်အစိုးရ၏ လည်ပတ်နိုင်မှုကို ကျဆင်းစေပြီး တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ စစ်လက်နက်များနှင့် စစ်သုံးဆိုင်ရာများ တင်သွင်းရန် ခက်ခဲစေမည် ဖြစ်ကြောင်း ထည့်သွင်း တောင်းဆိုထား သည်။
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ၏ ဒု ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကာ ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌာန ဒု-ဝန်ကြီး အလက်ဇန္ဒားဖိုမင်နှင့် တွေ့ဆုံ၍ စစ်တပ်များအကြား အပြန် အလှန် အားပေးထောက်ခံမှုတို့ဖြင့် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီက သတင်းထုတ် ထားသည်။
ဩဂုတ် ၃ ရက်ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလဗ်ရောဗ်သည် နေပြည်တော်သို့ ရောက်ရှိလာပြီး အာ ဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့ကာ ယူကရိန်းစစ်ပွဲတွင် ရုရှားကို ထောက်ခံသည့် မြန်မာ၏ ရပ်တည်ချက်ကို ချီးကျူးကြောင်း ပြောဆိုပြီး ရုရှားအနေဖြင့်လည်း စစ်ကောင်စီ ၏ လုပ်ဆောင်ချက်များအပေါ် အတူ ရှိနေကြောင်း ပြောဆိုခဲ့သေးသည်။
ဓာတ်ပုံ- ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း (ဓာတ်ပုံ- cincds)
#WhatsHappeningInMilitaryCoup
#RejectMilitaryCoup

Comments
Post a Comment