ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ သိမ်းဆည်းနိုင်

စက်တင်ဘာ ၂၁၊ ၂၀၂၂။ ကေအဲန်ယူ-ဗဟို ယမန်နေ့ စက်တင်ဘာ (၂၀)ရက်နေ့ တွင် ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က စကစ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို (၂း၁၉)မိနစ်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ မွန်းလွဲ (၂း၀၂)မိနစ်အချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး (၂း၁၉) မိနစ်တွင် ခမရ- ၅၅၇ စခန်း ကြိတ်စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ သိမ်းဆည်းရသော ကျည်များက MA ကျည်ဘောက်- 17၊ 9MM-44၊ 16 ကျည်ဘောက်- 4၊ sinper ကျဥ်ဘောက်-3၊ 60MM-12၊ 73MM-11၊ အီနာဂါ-1၊ 40MM-10၊ BA109 လက်ပစ်ဗုံး- 2၊ 73ယမ်းတောင့် -5၊ စက်လက်ကျည်-229၊ AKကျည်ဘောက်ဝိုင်း- 1၊ စကားပြောစက်- 2၊ ဖုန်း-3၊ ကပစ 5.56- 2223၊ စိန်ပြောင်းချိန်သီး- 1၊ MA5 ကျည်- 2 တို့ သိမ်းဆည်းရသည်။ RPG- 2၊ BA 100 စိန်ပြောင်း-1၊ ငါးကြင်းမြီးစက်လက်- 1၊ ပြောင်းပို-1၊ AK-1၊ MAS sinper- 1၊ MA4.MAK ပူးတွဲ-1၊ MA1-2၊ MA3-2၊ MA5-2၊ MG3-1 လက်နက်များ သိမ်းဆည်းရသည်။ ထိုစခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများ (၇)ယောက် ကျဆုံးပြီး (၂)ဦးဒဏ်ရာနှင့် ဖမ်းဆီးရခဲ့သည်။ ကြိတ်စခန်းကို သြဂုတ်လ (၈)ရက်နေ့ကစပြီး ပိတ်ဆို့ရိက္ခာဖြတ်ပြီး တိုက်ခိုက်ခဲ့ကာ ယမန်နေ့ တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

Comments