သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။
တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) ၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA - မိုင်းလား) တို့သည့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် စက်တင်ဘာလ ၂၅ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိနေသည်ဟု သိသည်။
ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်သည်။
အဆိုပါ အဖွဲ့များသည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။



Comments
Post a Comment