မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်းပြောင်း

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * *

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်းပြောင်းကြောင်း ယနေ့အောက်တိုဘာလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးကိုရှေ့ရှု၍ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခဲ့သည်မှာ ၁၂ နှစ်ပြည့်မြောက်နေ့တွင် အဖွဲအစည်းအနေဖြင့် ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးအတွက် စစ်ကောင်စီနှင့် လက်တွဲကာ ဌာနေပြည်သူ့စစ် အနေဖြစ်ပူးပေါင်းဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားသည်။

ဒါ့အပြင် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ပြတ်သားစွာကန့်ကွက် ရှုတ်ချပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝအေးချမ်း တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

၎င်းတပ်ဖွဲ့သည် မွန်ပြည်သစ်ပါတီမှ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ခွဲထွက်သွားပြီး တပ်အင်အား (၂၆၈)ဦး၊ လက်နက်ကြီး လက်နက်ငယ် (၇၂)လက်နှင့်အတူ စစ်အုပ်စု၏အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချသွားခဲ့ခြင်းဖြစ်သည်။



#TachileikNewsAgency

Comments