ဖားကန့် KIO အခမ်းအနားကို စစ္တပ္က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ အလောင်း ၈၀ ကျော် ကောက်ယူထား၊ ဒဏ်ရာရသူ အလွန်များပြားပြီး ဆေးကုသမှုခံယူနိုင်ရန် ကြိုးပမ်းနေ

ရန်ကုန်၊ အောက်တိုဘာ ၂၄

အကြမ်းဖက်စစ်တပ်က ဖားကန့်တွင် ယမန်နေ့ ညပိုင်းပြုလုပ်သော တေးဂီတ ဖျော်ဖြေပွဲကို ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ လက်ရှိ အချိန်အထိ အလောင်း ၈၀ ကျော်ကောက်ယူရရှိထားပြီး ထိခိုက်ဒဏ်ရာရရှိသူ မြောက်မြားစွာကိုလည်း ဆေးကုသခွင့်ရရန် ကြိုးပမ်းနေရကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

သေဆုံးသူများတွင် ကချင် အနုပညာရှင်များ၊ အဆိုတော်၊ တေးဂီတသမားများ၊ လူငယ်များ၊ ပြည်သူများ ပါဝင်ကြောင်း သိရှိရသည်။

" ရုပ်အလောင်းချည်းပဲ ၈၀ ကျော်ပါတယ်။ ဒဏ်ရာရတွေလည်း ဆေးကုခွင့်ရအောင် လုပ်နေတုန်းပဲ" ဟု ကချင် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က ဂျက် လေယာဉ်များဖြင့် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ တေးဂီတ ဖျော်ဖြေပွဲအခမ်းအနားကျင်းပနေသည့်အပေါ် ဗုံးကျဲခြင်းဖြစ်ကြောင်း၊ တေးဂီတ ဖျော်ဖြေပွဲတွင် အနုပညာရှင်များ၊ ပြည်သူများ တက်ရောက်နေချိန်လည်းဖြစ်ကြောင်း သိရှိရသည်။

(Facebook ၏ Community Standard အရ တင်မရသည့်ဓာတ်ပုံတချို့ကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews တွင် တင်ပြထားပါသည်။)

Comments